Tuesday, May 8, 2012

စာဖတ်ပရိသတ်များသို့ အသိပေး ပန်ကြားလွှာ

ဤဘလောက်သည် မိမိတို့ "ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း"မှ ဖွင့်လှစ်အသုံးပြုခဲ့သော အဖွဲ့စည်းပိုင် ဘလောက်တခုဖြစ်သည်ကို အထူးမိတ်ဆက်စရာ လိုမည်မဟုတ်တော့ပါ။ ယခုအခါ လုပ်ငန်းကျယ်ပြန့်လာမှုနှင့်အတူ မိမိတို့၏ လက်ရှိ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်လတ္တံ့သော အစီစဉ်များကို စာဖတ်ပရိသတ်များအား ကျယ်ကျယ်ပြန့်ပြန့် တင်ပြလိုသော အနေဖြင့်သော်လည်းကောင်း၊ အလုပ်လုပ်ရာတွင် လျင်မြန်လွယ်ကူစေရန်အတွက်သော်လည်းကောင်း၊ http://www.ucmswt.org/ ဝက်ဘဆိုက်တခုကို ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ မိမိတို့၏ တင်ပြချက် အပြည့်အစုံကို လေ့လာလိုသူများနှင့် ဘာသာရေး စာပေများကို လေ့လာလိုက်စားသူများအတွက် ယင်း( http://www.ucmswt.org/ )မှနေ အချိန်နှင့် တပြေးညီ တင်ပြသွားမည် ဖြစ်ပါသည်။ သို့ပါ၍ စာပေသက်သက်ကို လေ့လာလိုသူများ အနေဖြင့်သော်၎င်း၊ ဤအသင်းအား လေ့လာလိုသူများအနေဖြင့်သော်၎င်း http://www.ucmswt.org မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

http://www.ucmswt.org/

အပြည့်အစုံသို့

Wednesday, February 8, 2012

မြင့်မြတ်သာစွ လူ့ဘဝ

လူသည် အခြားသတ္တဝါများထက် မြင့်မြတ်သာလွန်သည်ဟုဆို၏။ သို့သော် မြင့်မြတ်သာလွန်သည့် အရည်အသွေးများ မရှိလျှင် စား,နေ, အိပ်,ကာမကုန်အတွက်မျှလောက်သာ နားလည်သည့်သတ္တဝါများ၏ အခြေနေထက် ထူးခြား လိမ့်မည်မဟုတ်။ အခြေခံလိုအပ်ချက်များ ဖြစ် ကြသည့် စားဝတ်နေရေးကိစ္စများနှင့်သာ အချိန်ကို ကုန်လွန်နေစေမည်ဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင်ကို လူသားဟုဖော်ပြရန်မှာ ရှက်ဖွယ်ပင် ကောင်းလှပေ၏။ စင်စစ်အားဖြင့် လူတွင် အမှန်တရားကို စူစမ်းရှာဖွေနိုင်သည့် စွမ်းရည် သတ္တိရှိပါသည်။

အပြည့်အစုံသို့............

အပြည့်အစုံသို့

Thursday, July 14, 2011

ဒုတိယအကြိမ် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းပိတ်ပွဲ အခမ်းအနား အောင်မြင်စွာပြီးစီးခြင်း

U Chandramani Student Welfare Association (UCSWA) မှ ဦးဆောင်ဖွင့်လှစ်အပ်သော ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းကို နာလန္ဒာတရုတ်ကျောင်း၌ (၆.၆.၂၀၁၁)နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။


သင်တန်းသားဦးရေမှာ (၆၀) ကျော်ခန့်ရှိ တက်ရောက်ခဲ့ကြပါသည်။ အင်္ဂလိပ်စာသင်တန်း နည်းပြဆရာများမှာ ဦးစရိယ (M.A, Diploma in Communication English)နှင့် ဦးပုည (M.A) တို့က Reading, Writing, Speaking သင်တန်းများကို အဆင့်မြင့် စနစ်တကျ သင်ပြခဲ့ကြပါသည်။ ကွန်ပျူတာသင်တန်း နည်းပြဆရာများ (New Delhi) မှ ကိုညီလင်းနှင့် ကိုထိန်းအောင်လင်း တို့ဖြစ်ကြပြီး Microsoft word, Page Maker, Photoshop, Crel draw Program များကို အသေးစိတ် သင်ပြခဲ့ကြပါသည်။


၎င်းအပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆရာတော် ဒေါက်တာ နန္ဒောဘာသ (ကာလကတ္တာ၊ဗောဓိသုခ ပရဟိတကျောင်း) မှ ကြွရောက်ကာ Capacity Building, Fundraising, Project Proposal Writing,နှင့် ပတ်သက်သော သင်တန်းကို ပိုချခဲ့ပါသည်။ သင်တန်းကာလမှာ (၂)လဖြစ်ပြီး (၆.၈.၂၀၁၁) နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ သင်တန်းပိတ်ပွဲ အခမ်းအနားကို (၁၃.၈.၂၀၁၁) နေ့တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြပါသည်။ သင်တန်း ပိတ်ပွဲအခမ်းအနားသို့ နာလန္ဒာတရုတ်ကျောင်း ဆရာတော် ဒေါက်တာ ဦးပညာလင်္ကာရ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး သြဝါဒစကားများ ချီးမြောက်ကာ သင်တန်း တက်ရောက်ခဲ့ကြသော ကျောင်းသားရဟန်းတော်များကို သင်တန်းဆင် လက်မှတ်များကိုလည်း ပေးအပ်ခဲ့ပါသည်။


နောက်ပြီး U Chandramani Student Welfare Association အသင်း ဥက္ကဌ ဦးအဂ္ဂဝံသ (M.A in Buddhism) မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အသင်း ရေရှည်တည်တံရေးအတွက် အဖွဲ့ဝင်များအာလုံး တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လားကြဖို့ အားပေးစကား ပြောကြားခဲ့ပြီး ကြွရောက်ကြသော ဆရာများ၊ ဧည့်သည့်တော်များ၊ ကျောင်းသားရဟန်းတော်များ၊ အဖွဲ့ဝင်များကလည်း အသင်းအနေဖြင့် အနာဂတ်မှာ သာသနာတော်အား ထိန်းသိမ်းစောင့်ရှောက်ရေး၊ အသင်းရေရှည် တည်တံခိုင်းမြဲရေးနှင့် ပညာရေး တိုးတက်အောင်မြင်ရေးတို့ကို မိန့်ကြားတော်မူပြီးနောက် သင်တန်းနှင့် ပတ်သက်သော အမြင်များကိုလည်း တက်ရောက်လာကြသော ပရိသတ်တို့မှ အသီသီ ဆွေးနွေး ပြောကြားခဲ့ကြသည်။

UCSWA မှ ကြီးမှူးကျင်းပသော အင်္ဂလိပ်စာ သင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် Capacity Building, Fundraising Project Proposal Writing သင်တန်း ပိတ်ပွဲ အခမ်းအနား၌ သဘာပတိ ဆရာတော် ဒေါက်တာ ဦးပညာလင်္ကာရ (နာလန္ဒာ တရုတ်ကျောင်း) မှ မိန့်ကြားတော်မူခဲ့သော သြဝါဒကထာ

ယခုလို ပရိတ်သတ်အကုန်လုံးကို တွေ့ရလို့ အထူးဝမ်းသာပါတယ်။ U Chandramani Student Welfare Association အသင်းဖွဲ့စည်းခဲ့တဲ့ အဓိကရည်ရွယ်ချက်က အိန္ဒိယသို့ရောက်လာကြတဲ့ ကိုတော်တွေအကုန်လုံး ပညာရေး ဖွံဖြိုးတိုးတက်မှုတိကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။


အဖွဲ့အစည်း အနေနဲ့ကတော့ သက်တမ်းနုနယ်ပါသေးတယ်။ ဒီနေရာမှာ အဖွဲ့အစည်း တည်တံ့တိုးတက်နိုင်ဖို့ ရှေ့ဆက်ပြီး အားလုံး ဝိုင်းဝန်းကူညီပြီးတော့ အလုပ်လုပ်ဖို့ အထူးအရေးကြီးပါတယ်။


တပည့်တော်များရဲ့ Buddhism Association တွေမှာ အထူးလိုအပ်တာက ‘‘သမဂ္ဂါနံ တပေါ သုခေါ’’ Unity and Co-operation ညီညွတ်မှုအင်အား စုပေါင်းဆောင်ရွက်တဲ့ အင်အားတွေဟာ တပည့်တော်တို့မှာ ဟိုး ယခင်ကတည်းက ဆုံးရှုံးနေတယ်။


အဲဒါကြောင့် ညီညွတ်မှုအင်အား စုပေါင်းဆောင်ရွက်တဲ့အင်အားတွေ အထူးလိုအပ်နေတယ်။ တစ်ဦးတည်း တစ်ယောက်တည်း ကောင်းတာ တော်တာတွေတော အများကြီးရှိတယ်။ ဒါပေမဲ့ တစ်ဦးတည်း တစ်ယောက်တည်း အင်အားနန့် International လမ်းကြောင်းမှာ ဘာမှ လုပ်ဆောင်လို့ မရပါဘူး။ တပည့်တော်တို့ရဲ့ သမိုင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ တစ်ဦးနန့်တစ်ဦး စည်းလုံး ညီညွတ်မှုရယ်၊ နောက်ပြီး ပညာတတ်မြောက်မှုအပိုင်းတွေက အထူးအရေးကြီးတယ်။


မင်္ဂလာတရားထဲမှာ “ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော။ သုဘာသိတာစ ယာဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ” ။ ဆိုထားတဲ့အတိုင်း အသက်မွေးဝမ်းကျောင်းထဲမှာ အတတ်ပညာတစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်သိခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏။


နောက်ပြီးတော့ မင်္ဂလာဆိုတာ လူပုဂ္ဂိုလ် နတ်ပုဂ္ဂိုလ်တွေ အားလုံးအတွက် အကျိုးဖြစ်ထွန်းတဲ့အလုပ်ပါပဲ။ ပညာဆိုတာကို မင်္ဂလာလို့ခေါ်တယ်။ အင်္ဂလိပ်လိုကတော့ “Blessing” လို့ခေါ်တယ်။ ဒီလို နှုတ်မှု၊ လက်မှု အတတ်ပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်သိခြင်းသည်ပင် လောကမှာမင်္ဂလာဖြစ်တယ်လို့ မြတ်စွာဘုရား ဟောပြထားတယ်။


မင်္ဂလာတရားဆိုတာကို ဘုန်းကြီးတွေက မင်္ဂလာတရားကို ဟောပြီး၊ လူတွေက သာဓုခေါ်လိုက်တာနဲ့ ပြီးပြီလားလို့ မယူဆလိုက်နဲ့ဦး။ မင်္ဂလာ တရားဆိုတာကို ကိုယ်တိုင်လက်တွေ့ကျကျ မင်္ဂလာဖြစ်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။


တပည့်တော်တို့လည်း ဒီအဖွဲ့အစည်း တိုးတက်ရေးအတွက် အဘက်ဘက်က ကူညီနေခြင်း ဖြစ်တယ်။ နောင်လည်း အကူညီပေးသွားမှာပါ။ ဒါ့ကြောင့် အလုပ်လုပ်တဲ့နေရာမှာ တစ်ယောက်နန့် တစ်ယောက် လေးလေးစားစား ညီညွတ်မှုဖြင့် အလုပ်လုပ်ကြဖို့ အထူးအရေးကြီးတယ်။


Personality ဆိုတာကတော လူတိုင်း လူတိုင်းမှာ တစ်ခုစီတော့ရှိတတ်ကြတယ်။ သို့သော်လည်း အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့ နေရာမှာ Personalityနဲ့ ဘာမှမဆိုင်တော့ဘူး။ Personalityတွေကို သီးသန့်ခေါက်ထားလိုက်ပါ။ အဖွဲ့အစည်း လုပ်တဲ့ နေရာမှာ စည်းကမ်းတွေကို လေးလေးစားစားလိုက်နာ လုပ်ဆောင်ဖို့ သိပ်အရေးကြီးတယ်။ အဂု တက္ကသိုလ် တစ်ခုခုကို ပညာသင်ဖို့ ရောက်လာရင် ဒီဂရီတစ်ခုခုတော့ခါ ရသွားပါလိမ့်မယ်။


အလုပ်လုပ်တဲ့အခါ ကိုယ်ရထားတဲ့ ဒီဂရီနန့်ညီမျှတဲ့ အရည်အချင်းရှိဖို့ သိပ်အရေးကြီးတယ်။ အရည်ချင်း ပြည့်ဝတဲ့ Qualityသာ ပါမလားဘူးဆိုရင် ကိုယ့်ကိုလူတွေ အရေးတစ်စိုက် လက်ခံကြလိမ့်မယ် မဟုတ်ပါ။ ဒါ့ကြောင်း Quality ရှိဖို့လည်း သိပ်အရေးကြီးတယ်။


နောက်ပြီး တကာ၊ တကာမ ကောင်းပြီးတော့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလည်း အများကြီးရှိကြတယ်။ ဒီလို ပြည့်စုံပြီးတော့ ပညာသင်ယူနေချိန်မှာ ပညာရေးကို လေးလေးစားစား ဂရုမစိုက်ဘဲ သတိလက်လွတ် မေ့မျောနေမယ်ဆိုရင် အချိန်လွန်သွားတဲ့ခါ နောက်ထပ် ဒီအခွင့်ရေးတွေကို ပြန်လိုချင်လို့ ရတော့မှာ မဟုတ်တော့ပါ။


ကံအားလျော်စွာ ဒီနေရာမှာ မဂဓတက္ကသိုလ်၊ ဆန်ဆက္ကရိုက်တက္ကသိုလ်၊ နာလန္ဒာတက္ကသိုလ်တွေရှိလို့ သိပ် ကံကောင်းတယ်လို့ဆိုရပါမယ်။ သို့မဟုတ်ရင် မြန်မာပြည်က အောင်လာတဲ့ ဓမ္မာစရိယ အောင်လက်မှတ်တွေနန့် တကယ် International အဆင့်တန်း မှီအောင် ကျောင်းသွင်းနိုင်ဖို့ရန် တခြားနေရာတွေမှာ သိပ်ပြီးမလွယ်လှပါဘူး။


နောက်ပြီးတော့ နာလန္ဒာတက္ကသိုလ်သည် ဗုဒ္ဓဘာသာတွေလက်ထဲမှာ ရှိနေဖို သိပ်ပြီးတော့ အရေးကြီးလာပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ယနေ့ထိ ညီညွတ်မှုအင်အားမရှိပါ၊ စည်းလုံးမှုအင်အားမရှိပါ။ နောက်ပြီးကေ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ကြတဲ့ နိုင်ငံတွေ ကလည်း အထူးဂရုတစိုက် လုပ်ဆောင် ကူညီပီးခြင်းဆိုတာတွေလည်း မရှိကြဘူး။


တခြားဘာသာတွေကို ကြည့်လိုက်ပါ။ Muslim မှာဆိုရင် Muslim တက္ကသိုလ်တွေ ရှိတယ်။ ဟန္ဒီမှာဆိုရင် ဟန္ဒီတက္ကသိုလ်တွေ ရှိပါတယ်။ ခရစ်ယန်မှာဆိုတော့ ခရစ်ယန်တက္ကသိုလ်တွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။

နောက်ပြီး တိဘက် လူမျိုးတွေကိုကြည့်လိုက်ပါ။ တိဘက်လူမျိုးတွေဟာ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်(ရီဖြူဂျီ)တွေ ဖြစ်ကြတယ်။ သို့သော်လည်း ညီညွတ်မှု၊ စည်းလုံးမှု၊ ကြိုးစားမှုတွေကြောင့် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရမှ တိဘက် Institute (ဗာရဏသီ)မှာ ဖွင့်လှစ်ထားတဲ့ကျောင်းကို ထောက်ပံ့ပေးထားရတယ်။


ဘာ့ကြောင်းလည်းဆိုတော့ ညီညွတ်မှု့၊ စည်းလုံးမှု့၊ ကြိုးစားမှု့အင်အားတွေကြောင်းပါ။ လူမျိုးရေးနန့် ပက်သက်လာရင် ဘယ်လူမျိုး ဘယ်ဘာသာမဆို မိမိလူမျိုး မိမိဘာသာကို မြတ်နိုးတယ်၊ တန်းဖိုးထားတယ်၊ ဂရုစိုက်တယ်ဆိုတာကို နားလည်းကြပါ။ ဒါ့ကြောင်း ဘယ်လူမျိုး ဘယ်ဘာသာမဆို လေးလေးစားစား ဆက်ဆံပြီး ထိမ်းသိမ်းစောင့်ရှောက်သွားကြဖို့ အရေးကြီးပါတယ်။


မိမိတတ်ထားတဲ့ ပညာတွေကိုလည်း ကိုယ်ပြည်ကိုပြန်ရောက်တဲ့ခါ ဖြန့်ဝေဖို့ မမေ့ကြပါနဲ့။ နောက်ပြီးတော့ အခု ကိုယ်တော်တို့ အိန္ဒိယသို့ရောက်နေကြတဲ့ လူဦးရေသည် ကိုယ့်ပြည်မှာရှိတဲ့ လူဦးရေနဲ့ နှိုင်းစာရင် လူဦးရေ one percentage တောင် မရှိသေးပါ။ ဒါ့ကြောင့် ကိုယ်တော်တို့ ကကောင်းကံကောင်းတယ်လို့ မှတ်ရပါမယ်။ ဒီလိုပြောလိုက်လို့ ကိုယ့်ကိုကိုယ် သိပ်ပြီးတော့ မြောက်တက် မသွားကြပါနဲ့ဦး။ ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ ကိုယ့်ပြည်မှာရှိတဲ့ မပြည့်စုံ မဖွံ့ဖြိုးသေးတဲ့ လူငယ်လေးတွေကို ပြန်ပြီးတော့ မျက်စိဖွင့်လာအောင် လမ်းကြောင်းပြ ဦးဆောင်ပေးဖို့ ကိုယ်တော်တို့ရဲ့ တာဝန်ဖြစ်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။


နောင်ကိုလည်း ကိုယ်တော်တို့ အဖွဲ့အစည်း တိုးတက်ရေးအတွက် တတ်နိုင်သမျှ ကူညီပေးသွားမှာပါ။ အခုလည်း ဟိုဘက်မှာ ရုံးခန်းတစ်ခု ပေးထားပါတယ်၊ အဲဒီအခန်းမှာ ကိုယ်တော်တို့ အဖွဲ့အစည်းရဲ့ ပစ္စည်းတွေကို သိမ်းထားဖို့၊ အသင်းတိုးတက်ရေးအတွက် လုပ်ဆောင်ကြဖို့ အမြဲခွင့်ပြုထားပါတယ်။


နောက်ပြီးတော့ ကိုယ်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပုဂ္ဂိုလ်တွေက တပည့်တော်ကိုလာပြီးတော့ ကျောင်းဆောက်ဖို့ရန် နေရာတစ်ခုလိုအပ်ကြောင်း လာလျှောက်ထားကြတယ်။ အဲဒါလည်း ဟုတ်တယ်။ ကိုယ်တော်တို့အတွက် အမှန်တကယ် လိုအပ်ပါတယ်။ ဒါပေမဲ့လည်း အချိန်ပေးရဦးမယ်။


နောင်လုပ်သွားမယ်ဆိုပြီးတော့ အသင်း၏ Project မှာတော့ ဖြစ်အောင် ထည့်ထားရပါမယ်။ ကြားကာလာမှာ ကိုယ်တော်တို့ အလုပ်လုပ်မဲ့ သီးသန့်နေရာ တနေရာဖြစ်တဲ့ ဟိုဘက်က အခန်းကို ရုံးခန်းအဖြစ် ကိုယ်တော်တို့ကို ခွင့်ပြုပေးထားပါတယ်။


နောင်ကိုလည်း ဒီ အသင်းတိုးတက် အောင်မြင်ဖို့အတွက် အမြဲတမ်းကူညီပေးသွားမယ်ဆိုတာကို တပည့်တော် ဂတိပီးပါတယ်။ နောက်ပြီးတော့ ကိုယ်တော်တို့ ဒီကို ရောက်လာတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုရင် ပညာရေးဘဲဖြစ်ပါတယ်။ ပညာရဖို့က သိပ်အရေးကြီးပါတယ်။ အမှန်တကယ် ကိုယ်တော်တို့ ပညာရေးကို လိုလားတယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ ကိုယ်တော်တို့ စိတ်ဝင်စားလို့ လိုအပ်လို့ရှိရင် လေ့လာသင်ယူလို့ ရတဲ့ ပညာရေးတွေ အများကြီးရှိပါတယ်။


Information Technology, Accountancy, Computer IT နည်းပညာတွေ, ပြီးတော့ တခြားတခြား ပညာရေးတွေ အမြောက်အများ ရှိပါသေးတယ်။ အပေါင်း အနှုတ် အမြောက်အစားလေးတွေ တတ်ထားရုံလောက်နန့် International လမ်းကြောင်းကို ရောက်ဖို့ မလုံလောက်ပါဘူး။ အမှန်လိုအပ်တဲ့ ခေတ်မှီနည်းပညာတွေကို ကိုယ်တော်တို့ တတ်ထားကြမယ်ဆိုရင် ကိုယ်တော်တို့ရောက်တဲ့ နေရာတိုင်းမှာ ဘဝရပ်တည်ရေးအတွက် ကြိုးစားသွားနိုင်ပါတယ်။


ဒါ့ကြောင်း ပညာကို အထင်မသေးကြပါနဲ့ ပညာသင်တဲ့နေရာမှာ ပညာရေးကိုလေးလေးစားစား သင်ကြားကြဖို့ သင်ပြတဲ့ ဆရာများကိုလည်း လေးလေးစားစားရှိကြဖို့ မိမိကိုယ်ကိုလည်း လေးလေးစားစား ရှိထားကြဖို့ အဖွဲ့အစည်းကိုလည်း လေးလေးစားစားရှိကြဖို့ တိုက်တွန်ရင်းနဲ့ တပည့်တော်၏ သြဝါဒကထာ စကားကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ သာဓု၊ သာဓု၊ သာဓုပါဘုရား...။




























ဘဒ္ဒန္တ ဒေါက်တာ နန္ဒောဘာသ မှ ရက်တို "Capacity Building, Fundraising & Projict Proposal Writing" သင်တန်း ပို့ချ









အပြည့်အစုံသို့