Monday, February 28, 2011

U C S W A- ၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေး ကြေငြာစာတမ်း

U CHANDRAMANI STUDENT WELFARE ASSOCIATION (UCSWA) ၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကို (၂၇-၀၂-၁၁) နေ့တွင် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ နာလန္ဒာတရုတ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် နာလန္ဒာ တရုတ်ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒကနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သာသနဟိတပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတတို့က ဆောင်ရွက်ခဲ့ကြပါသည်။.အစည်းအဝေးသို့ တက္ကသိုလ်အသီးအသီး၌ ပညာသင်ကြားနေကြသော U C S W A ၏ အဖွဲ့ ၀င်ကျောင်းသား သံဃာ(၉၇) ပါး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို အခမ်းအနားအစီအစဉ် (၁၀) ချက်ရေးဆွဲလျက် နေ့လည် (၁၂း နာရီ ၃၀ မိနစ်) အချိန်အတွင် စတင်ကျင်းပရာ ညနေ ၃ နာရီ ၃၀ မိနစ်) အချိန်တွင် အပြီးသတ်နိုင်ခဲ့ကြပါသည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် U C S W A ၏ ဖွံဖြိုးတိုးတက်ရေးကို ရှေ့ရှုလျှက် U$ 100 နှင့် အထက်အလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်း လွှာ များ ပေးအပ်ခဲ့ပါသည်။
U C S W A ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ တစ်နှစ်တာကာလသို့ ရောက်ရှိလာပြီ ဖြစ် သည့်အလျှောက် ၄င်းကာလအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များ၊ သာရေးနာရေး ကိစ္စများတွင် သုံးစွဲခဲ့ရသည့် ဘဏ္ဍာငွေများကိုလည်း အသေးစိပ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် စည်းမျဉ်းပါ ရည်ရွယ်ချက်များနှင့်အညီ အသင်းအနေဖြင့် နောင်ပြုလုပ်ဆောင်ရွက်ရမည့် ကိစ္စရပ်
များကိုလည်း အစည်းအဝေးတွင် ပွင့်လင်းစွာပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ၄င်းပြင် ပညာရေးကို အထူးဦးစားပေးဆောင်ရွက်သည့်အနေဖြင့်ယခုလာမည့် ၂၀၁၁ ခုနှစ် တွင်လည်း
U C S W A မှ ဦးစီးလျက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သွားမည်ဟူဆုံးဖြတ်ခဲ့
ကြပါသည်။

အလုပ်မှုဆောင်ကော်မတီ
U C S W A
.

0 comments:

Post a Comment